Q. ဒီ အက်ပလီကေးရှင်း က ဘာလဲ။ A. ဒီအက်ပလီကေးရှင်း က MPT သုံးစွဲသူတွေ အတွက် ၂၀၁၉-၂၀၂၀ အင်္ဂလိပ် ပရီးမီးယားလိဂ် (“EPL”) အကြောင်းအရာ တွေ အတွက် ဝန်ဆောင်မှုပေးသော အက်ပလီကေးရှင်း တခုဖြစ်ပါတယ်။ Q. MPT သုံးစွဲသူတွေအတွက် EPL ၏ မည်သည့်အကြောင်းအရာ တွေ ရရှိနိုင်ပါသနည်း။ A. MPTသုံးစွဲသူများအနေနှင့်SKYNET SPORTS-6 Channel တွင်ပြသနေသော EPLရဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ပွဲစဉ်ကိုများကြည့်ရှုနိုင်ခြင်း၊၎င်းနှင့်သက်ဆိုင်သောဗီဒီယိုတွေအပြင်ပြီးခဲ့သောပွဲစဉ်၊ ဟိုက်လိုက်ဗီဒီယိုနှင့်“Goal of the week” “Goal Rush” များကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။ Q. ဒီ အက်ပလီကေးရှင်းတွင် ဘောလုံးပွဲစဉ်တွေကိုတိုက်ရိုက်ကြည့်ရှုခြင်းနှင့်ပြီးခဲ့သောပွဲစဉ်ပြန်လည်ကြည့်ရှုခြင်းအတွက်သီးသန့်ဝန်ဆောင်ခ ပေးဆောင်လိုအပ်ပါသလား။ A. ဒီအက်ပလီကေးရှင်းတွင်ဘောလုံးပွဲစဉ်တွေကိုတိုက်ရိုက်ကြည့်ရှုခြင်းနှင့်ပြီးခဲ့သောပွဲစဉ်ပြန်လည်ကြည့်ရှုခြင်းအတွက် သီးသန့်ဝန်ဆောင်ခပေးရန်မလိုအပ်ပါ။ အက်ပလီကေးရှင်းကိုဖွင့်ပြီးMPT ကွန်ယက်ဖြင့် ပွဲစဉ်ဗွီဒီယို များအား ကြည့်ရှုနိုင်ပါသည်။ ပွဲစဉ်ဗွီဒီယိုအားလုံးကြည့်ရှုခြင်းအတွက် အင်တာနက်ဖိုးသာကုန်ကျမည်ဖြစ်ပါသည်။ Q. MPT အသုံးပြုသူများအတွက်သာ “MPT Ballone “ ကို အသုံးပြုခွင့်ရှိပါသလား။ A. “MPTအသုံးပြုသူများသာMPT၏ကွန်ယက်မှတဆင့်“MPT Ballone” ကို အသုံးပြုနိုင်မည်ဖြစ်သည်။ Q. WiFiကွန်ယက်နှင့်အခြားအင်တာနက်ကွန်ယက်များမှတိုက်ရိုက်ပွဲစဉ်နှင့်ပြီးခဲ့သောပွဲစဉ်ဗွီဒီယိုများ ကြည့်ရှုနိုင်ပါသလား။ A. WiFiကွန်ယက်နှင့်အခြားအင်တာနက်ကွန်ယက်များမှတိုက်ရိုက်ပွဲစဉ်နှင့်ပြီးခဲ့သောပွဲစဉ်ဗွီဒီယိုများ ကြည့်ရှု၍မရနိုင်ပါ။MPTကွန်ယက် တစ်ခုတည်းသာကြည့်ရှုနိုင်ပါသည်။ Q. ဒီအက်ပလီကေးရှင်းအသုံးပြုရန် မိုဘိုင်းလ် ဖုန်းတွင် ဘာတွေလိုအပ်ပါသလဲ။ A. Androidမိုဘိုင်းလ်ဖုန်းများတွင်ဗားရှင်း ၅.၀ နှင့်အထက်လိုအပ်ပြီး,IOSမိုဘိုင်းလ်ဖုန်းများတွင်ဗားရှင်း၉ နှင့်အထက်လိုအပ်ပါသည်။ Q. တိုက်ရိုက်ပွဲစဉ်နှင့်ပြီးခဲ့သောပွဲစဉ်ဗွီဒီယိုများ၏အရည်အသွေးမည်သို့ရှိမည်နည်း။ A. တိုက်ရိုက်ပွဲစဉ်နှင့်ပြီးခဲ့သောပွဲစဉ်ဗွီဒီယိုများ၏အရည်အသွေးမှာအသုံးပြုသူ၏အင်တာနက်ကွန်ယက်မြန်နှုန်းအခြေအနေပေါ်မူတည်ပြီးအလိုအလျောက်ပြောင်းလဲမည်ဖြစ်ပါသည်။ Q. အသုံးပြုသူများအနေဖြင့် ဒေတာအသုံးပြုခကို မည်သို့ချိန်ညှိနိုင်ပါသနည်း။ A. MPT မှ ချိုသာသော ဒေတာပက်ကေ့ချ် ကို ဝန်ဆောင်မှုပေးလျက်ရှိရာ ဒေတာပက်ကေ့ချ်များကို MPT4U အက်ပလီကေးရှင်း မှသော်လည်းကောင်း *106# ကိုခေါ်ဆို၍သော်လည်းကောင်းဝယ်ယူနိုင်ပါသည်။ Q. ပွဲစဉ်အချိန်ဇယားများကိုမည်သို့စစ်ဆေးနိုင်မည်နည်း။ A. အက်ပလီကေးရှင်းရဲ့ပင်မစာမျက်နှာမှ ပွဲစဉ်အချိန်ဇယားသို့သွားရောက်စစ်ဆေးနိုင်ပါသည်။ Q. တိုက်ရိုက်ထုတ်လွှင့်သောအစီစဉ်များအနက်မည်သည့်ပွဲစဉ်ကိုပြသမည်ဖြစ်ကြောင်းမည်သို့သိရှိနိုင်မည်နည်း။ A. အက်ပလီကေးရှင်းရဲ့ပင်မစာမျက်နှာမှ ပွဲစဉ်အချိန်ဇယားသို့သွားရောက်စစ်ဆေးနိုင်ပါသည်။ Q. SKYNET ရဲ့လိုင်းများဖြစ်သော SKYNET SPORTS-1, SPORTS-2, SPORTS-3, SPORTS-4, SPORTS-5 နှင့် SPORTS+ များကို အက်ပလီကေးရှင်း၏မည်သည့်နေရာတွင် ကြည့်နိုင်မည်နည်း။ A.SKYNET SPORTS-6 အားတိုက်ရိုက်ပြသထားသော နေရာအောက်တွင်တိုက်ရိုက်ပွဲစဉ်ပြသနေချိန်တွင် အလိုအလျောက်ပေါ်ပေါက်လာပြီးကြည့်ရှုနိုင်မည်ဖြစ်သည်။ Q. ပြီးခဲ့သောပွဲစဉ်ရမှတ်များကို မည်သို့စစ်ဆေးနိုင်မည်နည်း။ A. အက်ပလီကေးရှင်းရဲ့ပင်မစာမျက်နှာမှတဆင့်ပွဲစဉ်အချိန်ဇယားထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ပွဲစဉ်အချိန်ဇယားနှင့်အတူ ဖော်ပြမည်ဖြစ်ပါသည်။